Posts

ဘယ်လို အကြောင်းအရင်းတွေက အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း တွေ ကိုကျရှုံးစေတာလဲ

ဝယ်ယူသူဖြင့် ထိတွေ့မှုမရှိခြင်း လုပ်ငန်းတစ်ခုဟာ ကိုယ့်ဝယ်ယူသူတွေနဲ့ထိတွေ့မှုမရှိခြင်း၊ လိုအပ်ချက်ကိုနားမလည်ခြင်းနှင့် ထိုလိုအပ်ချက် များကိုမဖြည့်စည်းပေးခြင်းကြောင့် ကျရှုံးနိုင်ပါသည်။ ၀ယ်ယူသူများသည် မိမိ၏ထုတ်ကုန်နှင့် ၀န်ဆောင်မှုကို ကြိုက်နှစ်သက်သောလည်း၊ ထုတ်ကုန်ကိုအနည်းငယ် ပြောင်းလဲခြင်းအားဖြင့်လည်း ပိုမိုသဘောကျလာအောင် ဆွဲဆောင်နိုင်ပါသည်။ ၀ယ်ယူသူတွေ ဘာပြောပါသလဲ၊ သူတို့ပြောတာကိုလည်း နားထောင်ဖို့လိုပါသည်။ ဈေး ကွက်က မကောင်းတာလား၊ ကိုယ်ရောင်းတာကို မကြိုက်တာလား၊ ဒီလိုမေးခွန်းတွေကို ဖြေဖို့လိုပါသည်။ ဘယ်လိုဖြေရှင်းမလဲ။ အောင်မြင်တဲ့လုပ်ငန်းများဟာ ၀ယ်ယူသူဘာကြိုက်လဲ၊ ဘာတွေပြောင်းလဲနေပြီလဲ၊ ဘယ်သူတွေက ကိုယ့် အတွက်အလားအလာရှိတဲ့ ဖောက်သည်တွေဖြစ်လာနိုင်မလဲ။ ဒီအချက်တွေကို လေ့လာပြီး၊ သူတို့ဘာကိုစိတ် ၀င်စားလဲဆိုတာကိုရှာဖွေပြီး၊ ဒီပြောင်းလဲမှုတွေနဲ့ အမှီလိုက်ပါ။ နောက် CRM (Customer Relationship Management) ကိုအသုံးပြုပြီး၊ ကိုယ့်လုပ်ငန်း ကျရှုံးခြင်းမှ ကာကွယ်နိုင်ပါသည်။ အမြတ်အစွန်းမရှိသော Business Model ဖြင့် စီးပွားရေးလုပ်ခြင်း။  ၀င်ငွေမကောင်းသော စီးပွားရေးလုပ်ငန်းမျာ...

လုပ်ငန်းခွင်တွင် သင့်ကိုသင်အရှက်ရစေမည့်အပြုအမူများ

အလုပ်ခွင်ဆိုတာ သာမန်ပတ်ဝန်းကျင်နှင့်မတူပါဘူး။ စီးပွားရေးအတွက် လုပ်ကိုင်နေရမယ့် နေရာတစ်ခုလို့လည်း ဆိုနိုင်သလို၊ လူမှုအသိုင်းအ၀ိုင်းအရ ဆက်ဆံနေရတယ်နေရာတစ်ခုလို့လည်း သတ်မှတ်နိုင်ပါတယ်။ လူတိုင်းဟာ အလုပ်ခွင့်မှာ စိတ်ဖိစီးမှုအနည်းအများခံစားရပါတယ်။ အဲဒီလိုစိတ်ဖိစီးမှုတွေခံစားရတယ့်အလျှောက် အလုပ်မှာ မလုပ်သင့်တာတွေကို လုပ်မိတာလည်း ရှိပါတယ်။ ဒါပေမယ့် မရည်ရွယ်ဘဲလုပ်မိသွားတဲ့အပြုအမူတွေမှ အချို့အပြုအမူတွေက အရှက်ရစေတာမျိုးတွေရှိပါတယ်။ ယနေ့မှာ Myanmar Advertising Directory ပရိသတ်ကြီးအတွက် အလုပ်ခွင်မှာ မည်သည့်အပြုအမူမျိုးက အရှက်ရစေလည်းဆိုတာ ဖော်ပြပေးလိုက်ပါတယ်။ ၁။ လုပ်ဖော်ကိုင်ဖက်တစ်ဦး၏နာမည်ကို မမှတ်မိခြင်း၊ မှားယွင်းခေါ်ဆိုခြင်း ၂။ မိမိနှင့်အလုပ်လုပ်နေသော သူများ၏ရာထူးကို မသိဘဲ မှားယွင်းစွာဆက်ဆံမိခြင်း ၃။ Meeting သို့ အရေးကြီးကိစ္စများပြောဆိုနေချိန်အတွင်း သတင်းအချက်အလက်များ မှားပေးမိခြင်း ၄။ အ၀တ်အစားကို Professional ဆန်စွာ ၀တ်စားမှုမရှိခြင်းနှင့် တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းခြင်း ၅။ အလုပ်နှင့်သက်ဆိုင်သည့် ပွဲတစ်ခုခုတွင် အစားအသောက်များကို အလွန်အကျွံစားသုံးခြင်း ၆။ သင့်အ...

အလုပ်များပြိုင်ဖက်များထက်သာနေစေဖို့နည်းလမ်း ၄ ချက်

ဘယ်လုပ်ငန်းခွင်မှာဘဲဖြစ်ဖြစ် အမြဲတမ်းတူနေတဲ့အချက်က လူအမျိုးအစား ၂ မျိုးရှိပါတယ်။ ပထမအမျိုးအစားကတော့ မိမိရောက်ရှိနေတဲ့နေရာအနေအထားကို ကျေနပ်ပြီးအလုပ်များဖြစ်မြောက် အောင်မြင်နေသူမျိုးဖြစ်ပြီး ဒုတိယအမျိုးအစားကတော့ မိမိရောက်ရှိနေသည့်နေရာကို ကျေနပ်မှုမရှိဘဲ လုပ်ငန်းခွင်အတွင်းမဖြစ်မြောက်မအောင်မြင်သူအမျိုးအစားဘဲဖြစ်ပါတယ်။ သို့သော်လည်း မည်မျှပင် အမျိုးအစားကွဲပြားစေကာမူ မိမိရောက်ရှိနေသည့်နေရာတွင် အောင်မြင်ချင်သူဦးရေရာခိုင်နှုန်းပိုများပါတယ်။ ယနေ့မှာတော့ Myanmar Advertising Directory ပရိသတ်ကြီးအတွက် စာအုပ်ထဲတွင် ပြိုင်ဖက်များထက်သာနေစေဖို့ နည်းလမ်း (၄) ချက်ကို တင်ပြပေးလိုက်ပါတယ်။ ၁။ အဆိုးမြင်ခြင်းအကျင့် ကိုဖျောက်ပါ လုပ်ငန်းခွင်ဆိုကာမှတော့ မိဘအိမ်လိုအရာရာကိုယ့်စိတ်ကြိုက်အဆင်ပြေချောမွေ့မှာတော့မဟုတ်ပါဘူး။ အဆင်မပြေမှုတွေ စိတ်အလိုမကျမှုတွေခဏခဏကြုံတွေ့ရမှာဖြစ်ပါတယ်။ သို့သော်လည်း တွေ့ကြုံလာရသမျှ ကိစ္စတွေကိုအတတ်နိုင်ဆုံး အဆိုးမြင်စိတ်ဖျောက်ဖျက်ကာ အကောင်းမြင်စိတ်ဖြင့် ကြည့်ရှုတတ်ခြင်းက သင့်ကို လုပ်ငန်းခွင်မှာ အများထက်သာနေစေမှာဖြစ်ပါတယ်။ ၂။ နောက်ကျောကိုဓားနှင့်မထိုးပါနှင့် အလုပ်မှာ ပြိုင...

အလုပ်ဆိုင်ရာ ပြဿနာများကို ထိထိရောက်ရောက်ဖြေရှင်းနည်းများ

လုပ်ငန်းခွင်ဝင်ပြီဆိုတာနှင့် တစ်ပြိုင်နက် ပြဿနာတွေကို အနည်းနှင့်အများ တွေ့ကြုံရမှာတော့ အမှန်ပင်ဖြစ်ပါတယ်။ အကယ်၍ သင်အလုပ်မှာ ပြဿနာတွေ့ကြုံခဲ့မယ်ဆိုရင်မည်သို့ မည်ပုံနှင့် ထိရောက်အောင်မြင်စွာ ဖြေရှင်းနိုင်ရန်အတွက် Myanmar Advertising Directory ပရိသတ်ကြီးကို ယနေ့အတွက် ဆောင်းပါးအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။ ၁။ ပြဿနာရဲ့အရင်းအမြစ်ကိုရှာဖွေပါ။ ၂။ ပြဿနာတစ်ခုမှာပါဝင်တဲ့လူတိုင်းရဲ့တာဝန်တွေကိုသတ်မှတ်ပါ။ ၃။ ဖြေရှင်းနိုင်မည့် နည်းလမ်းမျိုးစုံကို ချရေးထားပါ။ ၄။ ဖြေရှင်းရန် နည်းလမ်းထဲမှ အကောင်းဆုံးဖြစ်မည်ဟု မှန်းထားသည့်ဖြေရှင်းနည်းကို ရွေးထုတ်ပါ။ ၅။ ပြဿနာဖြေရှင်းချိန်အတွင်း သက်သေကျန်ရှိစေရန် ကိစ္စရပ်များကို သေချာစွာစာတမ်းပြုစုထားပါ။ ၆။ ပြဿနာဖြေရှင်းရာတွင် သင်က တာဝန်ရှိသူလူကြီးဖြစ်နေပါက အစအဆုံးလုပ်ငန်းစဉ်များကို စောင့်ကြည့်၍ လမ်းကြောင်းမှန်ကန်မှုရှိ/မရှိအမြဲစစ်ဆေးနေပါ။ ၇။ ပြဿနာဖြေရှင်းခြင်းအောင်မြင်သွားပါက တာဝန်ယူဖြေရှင်းခဲ့သူအားလုံးကို အစည်းအဝေးခေါ်ဆို၍ နောက်ထပ်မံအမှားအဖြစ်စေရန် ဥပမာယူခိုင်းခြင်းဖြင့် အဆုံးသတ်ပါ။ အထက်ပါဖြေရှင်းနည်းကို အဆင့်ဆင့်လုပ်ဆောင်၍ လုပ်ငန်းခွင်...

သင့်ကိုယ်ပိုင်ဈေးအနည်းဆုံးနဲ့ အစွမ်းထက်ဆုံး Journal

လူတစ်ယောက်ဟာ အလုပ်ထဲက ပြဿနာတစ်ခုကို ဖြေရှင်းဖို့ တနေ့လုံး ခေါင်းပူအောင် စဉ်းစားတယ်။ နေကုန်သွားပေမယ့် အဖြေမရပါဘူး။ နောက်နေ့မှ ဆက်အဖြေရှာမယ်ဆိုပြီး ရုံးဆင်း အိမ်ပြန်လာတယ်။ အိမ်ရောက်လို့ စောစောက ပြဿနာကို မေ့ပစ်လိုက်ပြီး ရေချိုးခန်းထဲမှာ စိမ်ပြေနပြေ ရေချိုးနေတယ်။ ဒီအချိန်မှာ တနေ့လုံး ရုံးမှာ ရှာနေတဲ့အဖြေဟာ ရုတ်တရက် သူ့ခေါင်းထဲ ပေါ်လာလို့ သူ အရမ်းပျော်သွားတယ်။ သင်လည်း ဒီလို အဖြစ်မျိုး ကြုံဖူးမှာပါ။ ရေချိုးနေတုန်းမဟုတ်ရင်လည်း အေးအေးဆေးဆေး ကားစီးနေတုန်း၊ ညနေခင်း အညောင်းပြေ လမ်းလျှောက်နေတုန်းတွေမှာ ပေါ်လာတတ်ပါတယ်။ ဒါဟာ စိတ်ကို အတင်း အလုပ်လုပ်ခိုင်းရင် မလုပ်ဘူး။ အလုပ်မခိုင်းတော့ရင် သူအလုပ်လုပ်တယ်ဆိုတဲ့ စိတ်ရဲ့ ထူးခြားဆန်းကြယ်မှု တစ်မျိုးပါ။ စောစောက လူဟာ တနေ့လုံး စိတ်ကို အနားမပေးဘဲ အဖြေရှာတယ်။ အဖြေမရဘူး။ အိမ်ပြန်ရေချိုးစဉ်မှာ စိတ်ကို အလုပ်မခိုင်းဘဲ အနားပေးလိုက်လို့ စိတ်က အဖြေကို ထုတ်ပေးလိုက်တယ်။ အခုပြောပြချင်တာက စောစောက ပြောသလို စိတ်ဆိုတာ သင်စိတ်အေးအေးဖြစ်နေချိန် မထင်မှတ်ဘဲ ပြဿနာရဲ့ အဖြေတွေ၊ အကြံဉာဏ်ကောင်းတွေ၊ စိတ်ကူးစိတ်ကူးစိတ်သန်းကောင်းတွေကို ထုတ်ပေး တတ်တယ်။ အဲဒါတွေဟာ ရုတ်တရက် ပေ...

မန်နေဂျာကောင်းများ မပြောသင့်သော စကားဆယ်ခွန်း

သင်အလုပ်တစ်ခုလျှောက်တိုင်း အမြဲဆုတောင်းနေမိတာက မန်နေဂျာခပ်ဆိုးဆိုးများနဲ့မတွေ့ဖို့  ဖြစ်နေပြီလား။ ဒါပေမယ့် အကောင်း၊ အဆိုးဆိုတာကတော့ အမြဲဒွန်တွဲနေတာပါ။ ကျွန်တော်တို့လည်း တစ်ချိန်မှာ ဒီမန်နေဂျာ ဆိုတဲ့ ရာထူးတစ်ခုကို တာဝန်ယူပြီး အလုပ်လုပ်ရမယ့်နေ့ရက်တွေကို ရောက်လာကြဦးမှာပါ။ ဒါကြောင့် ဒီတစ်ခါမှာတော့ မန်နေဂျာကောင်းတစ်ယောက် ဘယ်တော့မှပြောလေ့မရှိတဲ့ စကားခွန်းကို ဖော်ပြပေးလိုက်ပါတယ်။ ဒါကမင်းရဲ့ကိုယ်ရေးကိုယ်တာပြဿနာလေ မင်းဒီအလုပ်ရှိနေတာကိုပဲ ကံကောင်းတယ်မှတ်ပါ ဒါအလုပ်နော် အပျော်ရှာတဲ့နေရာမဟုတ်ဘူး ထိုင်တွေးနေဖို့ လခပေးထားတာမဟုတ်ဘူး ငါခိုင်းတာကို မင်းလုပ်ရမှာ ဒါ တို့အရင်လုပ်နေကျအတိုင်းပဲလေ စည်းမျဉ်းတွေ ငါချထားတာမဟုတ်ဘူး အေး……အေး….မှတ်ထားလိုက်မယ် ကြည့်လုပ်လိုက်ကွာ ပစ်စာတစ်စောင်ရထားတယ် သင်သာမန်နေဂျာကောင်း တစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ ဒိလိုစကားတွေပြောမယ့်အစား ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအလုပ်ကို ကိုယ့်ရဲ့ ကိုယ်ပိုင်အလုပ်တစ်ခုသဖွယ် လုပ်ငန်းခွင်မှာပျော်ရွှင်လာအောင် အလုပ်ကြိုးစားခြင်းဟာ ဂုဏ်ယူစရာဆိုတာသိအောင် ပြောဆိုလမ်းညွှန်ပေးသင့်ပါတယ်။ မန်နေဂျာ...

အရင်းအမြစ်တွေ ဘယ်လောက်များများ မသုံးတတ်ရင်အလကားပဲ

 လှေကားတွေဘယ်လောက်ပဲ များများ သူ့ကို နံရံမှာထောင်ပြီး တက်ရမှန်း မသိရင်တစ်ဖက်မှာ ဘာပြထားတယ် ဆိုတာကို မြင်နိုင်မှာ မဟုတ်ပါဘူး။ ဘဝမှာလဲ ဒီလိုပါပဲ။ အရာ အားလုံးဟာ သူ့အဓိပ္ပါယ်နဲ့ သူ၊ သူ့တန်ဖိုးနဲ့ သူ ရှိကြ ပါတယ်။ အလားတူပါပဲ လူသားအားလုံးမှာ ကိုယ်ကျွမ်းကျင်ပိုင်နိုင်တဲ့ အရည်အချင်းကောင်းတွေ၊ ကိုယ်ပိုင်အစွမ်းအစတွေ များစွာရှိပါတယ်။ ယင်းအရည်အချင်းတွေကို ဥာဏ်ရှိရှိကောင်းမွန်စွာ အသုံးချတတ်မှသာ ဘ၀ကြီးက အဓိပ္ပာယ်ပြည့်စုံ အောင်မြင်နိုင်မှာပါ။ အသုံးမချတတ်သူတွေရဲ့ ဘ၀ကတော့ အလကားပါပဲ။   နောက်ထပ် ဥပမာ ကတော့ ကလေးတစ်ယောက်ရဲ့ လက်ထဲကို ကျောက်သံပတ္တမြား ထည့်ပေးခြင်း ဖြစ်ပါတယ်။ ပြောင်လက်လက် ဖြစ်နေတာကို ကြိုက်ပေမယ့် စားစရာ မုန့်တစ်ခုနဲ့ ပေးလိုက်ရင် အလှဲအထပ် လုပ်ဖို့ ဝန်လေးမှာ မဟုတ်ပါဘူး။ တန်ဖိုးဆိုတာကိုလူတစ်ဦး တစ်ယောက်က မသိတာဟာ သူ့အတွက်ပဲ ထိခိုက် ပေမယ့် သူ့ကို မှီခို ဦးတည်ပြီး ရပ်တည်နေရတဲ့ လူတွေသာ များမယ် ဆိုရင် ယင်းမှီခိုနေသူ အားလုံးကိုလည်း ထိခိုက် ပါတယ်။  နောက်ထပ် ဥပမာ တစ်ခုကတော့ ဂျယ်လီငါး ဖြစ်ပါတယ်။ ဂျယ်လီငါးများဟာ နှစ်ပေါင်း ၅၀၀ ကျော်နေနိုင်ပြီး အချို့ဆို မသေပဲနဲ့တောင် နေနိုင် သ...