မန်နေဂျာကောင်းများ မပြောသင့်သော စကားဆယ်ခွန်း



သင်အလုပ်တစ်ခုလျှောက်တိုင်း အမြဲဆုတောင်းနေမိတာက မန်နေဂျာခပ်ဆိုးဆိုးများနဲ့မတွေ့ဖို့  ဖြစ်နေပြီလား။ ဒါပေမယ့် အကောင်း၊ အဆိုးဆိုတာကတော့ အမြဲဒွန်တွဲနေတာပါ။ ကျွန်တော်တို့လည်း တစ်ချိန်မှာ ဒီမန်နေဂျာ ဆိုတဲ့ ရာထူးတစ်ခုကို တာဝန်ယူပြီး အလုပ်လုပ်ရမယ့်နေ့ရက်တွေကို ရောက်လာကြဦးမှာပါ။

ဒါကြောင့် ဒီတစ်ခါမှာတော့ မန်နေဂျာကောင်းတစ်ယောက် ဘယ်တော့မှပြောလေ့မရှိတဲ့ စကားခွန်းကို ဖော်ပြပေးလိုက်ပါတယ်။

ဒါကမင်းရဲ့ကိုယ်ရေးကိုယ်တာပြဿနာလေ

မင်းဒီအလုပ်ရှိနေတာကိုပဲ ကံကောင်းတယ်မှတ်ပါ

ဒါအလုပ်နော် အပျော်ရှာတဲ့နေရာမဟုတ်ဘူး

ထိုင်တွေးနေဖို့ လခပေးထားတာမဟုတ်ဘူး

ငါခိုင်းတာကို မင်းလုပ်ရမှာ

ဒါ တို့အရင်လုပ်နေကျအတိုင်းပဲလေ

စည်းမျဉ်းတွေ ငါချထားတာမဟုတ်ဘူး

အေး……အေး….မှတ်ထားလိုက်မယ်

ကြည့်လုပ်လိုက်ကွာ

ပစ်စာတစ်စောင်ရထားတယ်

သင်သာမန်နေဂျာကောင်း တစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ ဒိလိုစကားတွေပြောမယ့်အစား ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအလုပ်ကို ကိုယ့်ရဲ့ ကိုယ်ပိုင်အလုပ်တစ်ခုသဖွယ် လုပ်ငန်းခွင်မှာပျော်ရွှင်လာအောင် အလုပ်ကြိုးစားခြင်းဟာ ဂုဏ်ယူစရာဆိုတာသိအောင် ပြောဆိုလမ်းညွှန်ပေးသင့်ပါတယ်။

မန်နေဂျာဆိုတာ သူဋ္ဌေးနဲ့ဝန်ထမ်းတွေကြားမှာအကောင်းဆုံး ပေါင်းကူးပေးနိုင်သူတွေပါ။ အမြဲတမ်း တစ်ဖက်တည်းကို မကြည့်ဘဲအကုန်လည်း အဆင်ပြေစေနိုင်မယ့် နည်းလမ်းတွေကို ရွေးချယ်အကြံပေး နိုင်သူတွေ ဖြစ်ပါတယ်။


စီးပွားရေးလုပ်ငန်းလုပ်တဲ့အခါ လစ်လျူရှူထားလို့မရသည့် ကြော်ငြာလုပ်ငန်းနဲ့ ပတ်သက်သော လုပ်ငန်းကိစ္စများကို ဆောင်ရွက်ပေးသည့် ဆိုင်လိပ်စာများ၊ ကုမ္ပဏီလိပ်စာများကို ကျွန်တော်တို့ Myanmar Advertising Directory pageတွင် အလွယ်တကူဝင်ရောက်ရှာဖွေနိုင်ပါသည်။

Myanmar Advertising Directory

Comments

Popular posts from this blog

သူများတွေထက်သာတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်အဖြစ် ရပ်တည်လိုပါသလား???

စီးပွားရေးတွေ ဘာလို့အရှုံးပေါ်ကြရတာလဲ

ဘယ်လို အကြောင်းအရင်းတွေက အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း တွေ ကိုကျရှုံးစေတာလဲ