ဘယ်လို အကြောင်းအရင်းတွေက အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း တွေ ကိုကျရှုံးစေတာလဲ
ဝယ်ယူသူဖြင့် ထိတွေ့မှုမရှိခြင်း လုပ်ငန်းတစ်ခုဟာ ကိုယ့်ဝယ်ယူသူတွေနဲ့ထိတွေ့မှုမရှိခြင်း၊ လိုအပ်ချက်ကိုနားမလည်ခြင်းနှင့် ထိုလိုအပ်ချက် များကိုမဖြည့်စည်းပေးခြင်းကြောင့် ကျရှုံးနိုင်ပါသည်။ ၀ယ်ယူသူများသည် မိမိ၏ထုတ်ကုန်နှင့် ၀န်ဆောင်မှုကို ကြိုက်နှစ်သက်သောလည်း၊ ထုတ်ကုန်ကိုအနည်းငယ် ပြောင်းလဲခြင်းအားဖြင့်လည်း ပိုမိုသဘောကျလာအောင် ဆွဲဆောင်နိုင်ပါသည်။ ၀ယ်ယူသူတွေ ဘာပြောပါသလဲ၊ သူတို့ပြောတာကိုလည်း နားထောင်ဖို့လိုပါသည်။ ဈေး ကွက်က မကောင်းတာလား၊ ကိုယ်ရောင်းတာကို မကြိုက်တာလား၊ ဒီလိုမေးခွန်းတွေကို ဖြေဖို့လိုပါသည်။ ဘယ်လိုဖြေရှင်းမလဲ။ အောင်မြင်တဲ့လုပ်ငန်းများဟာ ၀ယ်ယူသူဘာကြိုက်လဲ၊ ဘာတွေပြောင်းလဲနေပြီလဲ၊ ဘယ်သူတွေက ကိုယ့် အတွက်အလားအလာရှိတဲ့ ဖောက်သည်တွေဖြစ်လာနိုင်မလဲ။ ဒီအချက်တွေကို လေ့လာပြီး၊ သူတို့ဘာကိုစိတ် ၀င်စားလဲဆိုတာကိုရှာဖွေပြီး၊ ဒီပြောင်းလဲမှုတွေနဲ့ အမှီလိုက်ပါ။ နောက် CRM (Customer Relationship Management) ကိုအသုံးပြုပြီး၊ ကိုယ့်လုပ်ငန်း ကျရှုံးခြင်းမှ ကာကွယ်နိုင်ပါသည်။ အမြတ်အစွန်းမရှိသော Business Model ဖြင့် စီးပွားရေးလုပ်ခြင်း။ ၀င်ငွေမကောင်းသော စီးပွားရေးလုပ်ငန်းမျာ...