သူများတွေထက်သာတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်အဖြစ် ရပ်တည်လိုပါသလား???

စီးပွါးရေးလုပ်ငန်းရှင်ဆိုတာ သူများနဲ့မတူတဲ့ အတွေးအမြင်တွေနဲ့ ဈေးကွက်ရဲ့ လိုအပ်ချက်ကိုသိပြီး ဘယ်လိုထိုးဖောက် ဝင်ရောက်ရမယ်ဆိုတဲ့ အချက်ကို သိနိုင်တဲ့သူတွေဖြစ်ပါတယ်။


နိုင်ငံတိုးတက်ဖို့ အတွက် အတတ်ပညာရှင် အသိပညာရှင်တွေလည်း လိုအပ်ပေမယ့် စီးပွါးရေးလုပ်ငန်းရှင် တွေကလည်း အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ စီးပွါးရေးတိုးတက်လာတဲ့အခါ ပြည်ပနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု တွေဝင်ရောက်လာတဲ့အခါ နိုင်ငံတော်ဘဏ္ဍာငွေ တိုးပွါးလာပါတယ်။


သင့်ရဲ့အိမ်မက်က စီးပွါးရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ အချိန်ဆွဲမနေပါနဲ့ edX website မှာပါတဲ့ free online course တွေကို အခုပဲသင်ယူလိုက်ပါ။ 


၁. Creativity and Entrepreneurship


ကျွန်ုပ်တို့အားလုံးသိထားတဲ့အတိုင်းပဲ စီးပွားရေးလုပ်ငန်းရှင်တွေဆိုတာ ဆန်းသစ်တဲ့idea တွေ အမြင်တွေ ဖန်တီးနိုင်မှုစွမ်းအားတွေလိုအပ်တယ် ဆိုတာ။ နယ်ပယ်စုံမှ ကျော်ကြားတဲ့ဆန်းသစ် တီထွင်သူများနှင့် လုပ်ငန်းရှင်များထံမှ အချို့သောအတွေ့အကြုံတွေ ယူပြီး သင့်ရဲ့ဖန်တီးနိုင်စွမ်းကို ဖော်ထုတ်လိုက်ပါ။


၂. Introduction to Venture Capital: How to Get Money for your Startup


စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်တဲ့အခါမှာ ရင်းနှီးမြှုပ်နှံမှုဆိုတာ အရေးကြီးတဲ့လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ သင့်ရဲ့လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် အကျိုးတူပူးပေါင်းတဲ့သူတွေကို ရှာဖွေတဲ့အခါ သင့်ရဲ့လုပ်ငန်းကို ဘယ်လိုတင်ပြသင့်သည့် အကြောင်းတွေကို သင်ပေးထားတာပါ။


၃. Innovation and IT Management


ဒီနေ့လိုနည်းပညာတွေ တိုးတက်နေတဲ့ခေတ်မှာ စီးပွားရေးတစ်ခုကို IT ရဲ့ အခန်းကဏ္ဍမပါဘဲ စတင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒီ သင်ခန်းစာမှာတော့ စီးပွားရေးလုပ်ငန်းစတင်တဲ့အခါ IT ရဲ့ အခန်းကဏ္ဍက ဘယ်လို အရေးကြီးတယ်၊ သင့်ရဲ့လုပ်ငန်းမှာ ဘယ်လိုအသုံးချရမလဲ၊ ဘာတွေ အဆင်ပြေသွားစေနိုင်တယ် စီမံခန့်ခွဲမှုမှာ ဘယ်လိုအဆင်ပြေသွားနိုင်တဲ့အကြောင်းတွေကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။


၎. Introduction to Financial and Management Accounting


ငွေကြေးစီမံခန့်ခွဲမှုဆိုတာ ဘယ်စီးပွားရေးလုပ်ငန်းမဆို အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခု အဖြစ် ပါဝင်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တိုင်းက ACCA ကို မေ့ထားလို့မရပါဘူး။ accounting နဲ့ financial management အကြောင်းကို သင်ကြားပေးထားတဲ့ သင်ခန်းစာတွေပါဝင်ပါတယ်။


Source;youngisthan.in

Comments

Popular posts from this blog

စီးပွားရေးတွေ ဘာလို့အရှုံးပေါ်ကြရတာလဲ

ဘယ်လို အကြောင်းအရင်းတွေက အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း တွေ ကိုကျရှုံးစေတာလဲ