လုပ်ငန်းခွင်တွင် သင့်ကိုသင်အရှက်ရစေမည့်အပြုအမူများ


အလုပ်ခွင်ဆိုတာ သာမန်ပတ်ဝန်းကျင်နှင့်မတူပါဘူး။

စီးပွားရေးအတွက် လုပ်ကိုင်နေရမယ့် နေရာတစ်ခုလို့လည်း ဆိုနိုင်သလို၊ လူမှုအသိုင်းအ၀ိုင်းအရ ဆက်ဆံနေရတယ်နေရာတစ်ခုလို့လည်း သတ်မှတ်နိုင်ပါတယ်။

လူတိုင်းဟာ အလုပ်ခွင့်မှာ စိတ်ဖိစီးမှုအနည်းအများခံစားရပါတယ်။ အဲဒီလိုစိတ်ဖိစီးမှုတွေခံစားရတယ့်အလျှောက် အလုပ်မှာ မလုပ်သင့်တာတွေကို လုပ်မိတာလည်း ရှိပါတယ်။ ဒါပေမယ့် မရည်ရွယ်ဘဲလုပ်မိသွားတဲ့အပြုအမူတွေမှ အချို့အပြုအမူတွေက အရှက်ရစေတာမျိုးတွေရှိပါတယ်။

ယနေ့မှာ Myanmar Advertising Directory ပရိသတ်ကြီးအတွက် အလုပ်ခွင်မှာ မည်သည့်အပြုအမူမျိုးက အရှက်ရစေလည်းဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

၁။ လုပ်ဖော်ကိုင်ဖက်တစ်ဦး၏နာမည်ကို မမှတ်မိခြင်း၊ မှားယွင်းခေါ်ဆိုခြင်း

၂။ မိမိနှင့်အလုပ်လုပ်နေသော သူများ၏ရာထူးကို မသိဘဲ မှားယွင်းစွာဆက်ဆံမိခြင်း

၃။ Meeting သို့ အရေးကြီးကိစ္စများပြောဆိုနေချိန်အတွင်း သတင်းအချက်အလက်များ မှားပေးမိခြင်း

၎။ အ၀တ်အစားကို Professional ဆန်စွာ ၀တ်စားမှုမရှိခြင်းနှင့် တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းခြင်း

၅။ အလုပ်နှင့်သက်ဆိုင်သည့် ပွဲတစ်ခုခုတွင် အစားအသောက်များကို အလွန်အကျွံစားသုံးခြင်း

၆။ သင့်အထက်လူကြီးမှ လူအများကြားမှာသင့်ကို ဆူပူပြောဆိုခံရခြင်း

အစရှိသည့် အချက်များက သင့်ကို လုပ်ငန်းခွင်မှာများစွာအရှက်ရစေပါတယ်။


အလုပ်ခွင်တွင်ရှိသော ၀န်ထမ်းများအားလုံး အောင်မြင်ကြပါစေ ….

Comments

Popular posts from this blog

သူများတွေထက်သာတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်အဖြစ် ရပ်တည်လိုပါသလား???

စီးပွားရေးတွေ ဘာလို့အရှုံးပေါ်ကြရတာလဲ

ဘယ်လို အကြောင်းအရင်းတွေက အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း တွေ ကိုကျရှုံးစေတာလဲ